HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

Apple က စုံတွဲတွေအတွက် စမတ်လက်ထပ်လက်စွပ် ထုတ်မယ်ဆိုတဲ့ သတင်းအမှား

Apple ကုမ္ပဏီက စုံတွဲတွေကြား တစ်ယောက်နဲ့တစ်ယောက် သွားရောက်လည်ပတ်ရာ နေရာတွေကို ခြေရာခံနိုင်မယ့် စမတ်လက်ထပ် လက်စွပ် ထုတ်လုပ်မယ်ဆိုတဲ့ အကြောင်းအရာဟာသတင်းအမှားပဲ ဖြစ်ပါတယ်။

By - Boom Live Myanmar | 4 Feb 2022 6:49 AM GMT

ဒီသတင်းကို ဖေဖေါ်ဝါရီ ၃ ရက်နေ့ ညပိုင်းမှာ စတင်ပြီး လူမှုမီဒီယာတွေပေါ်မှာ ဖြန့်ဝေနေတာပါ။ ဖြန့်ဝေရာမှာ Apple တံဆိပ်လက်စွပ် ဓါတ်ပုံတွေ အသုံးပြုကာ "Apple ကုမ္ပဏီအနေနဲ့ စုံတွဲနှစ်ဦးကို ချိတ်ဆက်ထားတဲ့ စမတ်လက်ထပ်လက်စွပ် ထုတ်လုပ်ဘို့ ပြင်ဆင်နေပြီး ဒီလက်စွပ်ကို အသုံးပြုကာ တဦးသွားရောက်ရာ နေရာကို ကျန်တစ်ဦးက သိရှိနိုင်မှာဖြစ်ကြောင်း၊ နှလုံးခုန်နှုန်း၊ သွေးပေါင်ချိန်၊ ချွေးထွက်နှုန်းစတဲ့ အခြားစိတ်ဝင်စားဖွယ်ကောင်းတဲ့ Options တွေ ပါဝင်မှာ ဖြစ်ကြောင်းနဲ့ Apple Ring အသုံးပြုမယ့် စုံတွဲတွေအနေနဲ့ နှစ်ကိုယ်ကြား သစ္စာရှိမှုတွေကို ပြသနိုင်မှာ ဖြစ်ကြောင်း" တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီသတင်းနဲ့ပါတ်သတ်ပြီး မဟုတ်မှန်ကြောင်းနဲ့ Apple အနေနဲ့ အိမ်ထောင်ဖက်တွေကြား စုံစမ်းထောက်လှမ်းတဲ့ လက်ထပ်လက်စွပ်ကို ဖန်တီးနေတာ မဟုတ်ကြောင်း Apple ထုတ်ကုန်တွေအကြောင်း ရေးသားဖော်ပြနေတဲ့ Apple Insider (ai) ဝက်ဘ်ဆိုက်မှာ ဖေဖေါ်ဝါရီ ၂ ရက်နေ့က ဖော်ပြထားပါတယ်။


 Apple Insider (ai) ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတဲ့ သတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။ အခုဖြန့်ဝေရာမှာ အသုံးပြုနေတဲ့ လက်စွပ်ပုံတွေဟာ ၂၀၀၇ ခုနှစ်အတွင်းက Yanko Design မှာ ဖော်ပြခဲ့တဲ့ IRing လက်စွပ်ပုံစံ ဖြစ်ပါတယ်။ ဒီထုတ်ကုန်က တကယ်အပြင်မှာ ရှိမနေပါဘူး။

Yanko Design မှာ ဖော်ပြထားမှုကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories