HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

စူပါမန်မင်းသားနဲ့ တူဖြစ်သူဇာတ်လမ်းထဲက အမှားတွေ

လူမှုကွန်ရက်မှာ မကြာခဏဖြန့်ဝေလေ့ရှိတဲ့ စူပါမန်းမင်းသားနဲ့ တူဖြစ်သူဇာတ်လမ်းဟာ ပြည်တွင်းမှာ အကြိမ်ကြိမ်ပျံ့နှံ့ဖူးသလို ဒီထဲမှာပါဝင်တဲ့အချက်အလက်တွေဟာ မှားယွင်းနေပါတယ်။

By - Boom Live Myanmar | 26 Aug 2022 4:47 AM GMT

ဒီအကြောင်းအရာကို ရေးသားဖြန့်ဝေကြတဲ့အထဲမှာ ဦးလေးဟာ စူပါမန်းဖြစ်တဲ့အကြောင်း ကျောင်းမှာပြောနေတဲ့ တူဖြစ်သူရဲ့ စကားကို သက်သေပြဖို့ ဟောလိဝုဒ် သရုပ်ဆောင် ဟင်နရီ ကာဗီးလ်ဟာ သူ့တူရဲ့ ကျောင်းကို လိုက်ပို့ခဲ့တယ်လို့ ရေးသားကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို ဩဂုတ်လ နောက်ပိုင်းမှာ စတင်ဖြန့်ဝေနေတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှု အများအပြားလည်း ရှိနေပါတယ်။

ဖြန့်ဝေရာမှာ ဟောလိဝုဒ်သရုပ်ဆောင် ဟင်နရီ ကာဗီးလ်နဲ့ စူပါမန်းဝတ်စုံး ဝတ်ထားတဲ့ တူဖြစ်သူ သောမတ်စ်တို့ရဲ့ အတူတွဲ လမ်းလျှောက်နေတဲ့ ပုံကို အသုံးပြုကာ 'စူပါမန်း သရုပ်ဆောင် Henry Cavill ရဲ့ တူ Thomas က သူ့ဦးလေးဟာ စူပါမန်းဆိုပြီး ကျောင်းမှာတစ်ချိန်လုံး ပြောနေတဲ့အတွက် ဆရာမတွေက အိမ်ကိုတိုင်တန်းရသည်အထိ ဖြစ်ခဲ့ရကြောင်း၊ ဒီအကြောင်းကို ကလေးအမေဖြစ်သူက ဟင်နရီကို ပြောရာမှာ မင်းသားက ကလေးရဲ့ကျောင်းကို ကိုယ်တိုင်လိုက်ပို့ခဲ့တဲ့အတွက် Thomas ရဲ့ စကား မှန်ကန်ကြောင်းနဲ့ သူ့ဦးလေးဟာ စူပါမန်းသရုပ်ဆောင် ဖြစ်တယ်ဆိုတာ ကျောင်းက သိသွားခဲ့ကြောင်း' တွေ ရေးသားထားတာပါ။

ဖြန့်ဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။

သတင်းဆန်းစစ်ချက်

ဒီအကြောင်း ၂၀၂၁ ခုနှစ်ကတည်းက နိုင်ငံရပ်ခြားက မီဒီယာတွေနဲ့ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ ပြန့်နှံ့နေခဲ့တာပါ။ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး ဟင်နရီဟာ ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက လုပ်ခဲ့တဲ့ The Tonight Show အင်တာဗျူးမှာလည်း တကယ့် အဖြစ်အပျက် အမှန်ကို ပြောပြခဲ့ဖူးပါတယ်။ အခုဖြန့်ဝေနေတာတွေဟာ လူတွေ စိတ်ဝင်စားအောင် လုပ်ကြံရေးသားထားတာသာ ဖြစ်ပြီး အမှတ်တကယ်ဖြစ်ပျက်ခဲ့တာနဲ့ လွဲနေကြောင်း နည်းပညာဆိုင်ရာ သတင်းတွေ ရေးသားဖော်ပြလေ့ရှိတဲ့ Techarp မီဒီယာက ၂၀၂၁ ခုနှစ် နိုင်ဝင်ဘာ ၁၆ မှာ သတင်းဆန်းစစ်ချက် ပြုလုပ်ထားပါသေးတယ်။

ဒီဆန်းစစ်ချက်ထဲမှာ The Tonight Show အင်တာဗျူးမှာ ဟင်နရီ ပြောခဲ့တဲ့ ဖြစ်ရပ်အမှန်ကို ရှင်းပြကာ ခုဖြန့်ဝေနေတာတွေဟာ အမှားသာဖြစ်ကြောင်း ထောက်ပြထားပါတယ်။

အင်တာဗျူးထဲမှာ ဒီအဖြစ်အပျက်ဟာ ၂၀၁၁ ခုနှစ်မှာ ဖြစ်ခဲ့တာ ဖြစ်ကြောင်း၊ သူက သူ့တူ သောမတ်စ်ကို Zack Snyder ဇာတ်ကားမှာ စူပါမင်းအဖြစ် သရုပ်ဆောင်မယ်လို့ ပြောခဲ့ရာမှာ သူ့တူက ကျောင်းကို ပြေးသွားပြီး သူ့ဦးလေးဟာ စူပါမန်းဖြစ်တဲ့ အကြောင်း ပြောဆိုခဲ့တာဖြစ်ကြောင်း၊ နောက်ပိုင်းမှာ သောမတ်စ်ရဲ့ မိခင် ဟင်နရီရဲ့ ခယ်မဖြစ်သူက သူ့ဦးလေးနဲ့ ပတ်သတ်ပြီး ဆရာမကို ရှင်းပြခဲ့ကြောင်း၊ သို့သော် သူ့တူစကားတွေကို သက်သေပြဖို့ ဟင်နရီကို ကျောင်းလိုက်ဖို့ မတောင်းဆိုခဲ့ကြောင်း၊ ဖြန့်ဝေနေတဲ့ ပုံထဲက ဟင်နရီနဲ့ စူပါမန်းဝတ်စုံ ဝတ်ဆင်ထားတဲ့ သောမတ်စ်တို့ လမ်းအတူလျှောက်နေတာက ကျောင်းလိုက်ပို့နေတာမဟုတ်ကြောင်း၊ ဒီပုံဟာ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့က ဟင်နရီအပါအဝင် သူ့အကို နစ်ကီနဲ့ မိသားစုတွေ လန်ဒန်မြို့တနေရာမှာ လမ်းလျှောက်နေတာကို ဓါတ်ပုံရိုက်ထားတာသာ ဖြစ်ကြောင်း၊ ပုံကို ဖြတ်ညှပ်ပြီး ပြန်လည်ပြုပြင်ထားတာသာ ဖြစ်ကြောင်း ဟင်နရီက ပြောပြထားပါတယ်။

မူရင်း ဓါတ်ပုံကို အောက်မှာ ကြည့်ရှု့ပါ။


Techarp မီဒီယာမှာ ဖော်ပြထားတဲ့ သတင်းဆန်းစစ်ချက် မူရင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

ဒီအကြောင်းအရာကို ဟင်နရီက ၂၀၁၈ ခုနှစ်တုန်းကလည်း Kelly and Ryan တီဗွီရှိုးမှာလည်း ပြန်လည်ပြောပြခဲ့ပါသေးတယ်။


Kelly and Ryan တီဗွီရှိုးမှာ ဟင်နရီ ကိုယ်တိုင် ပြောဆိုထားတဲ့ ဗွီဒီယိုဖိုင်ကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories