HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

ဆံတော်ရှင်မြတ်လား မြင်းမြီးသံကောင်လား

ပန်းကန်တစ်ချပ်ထဲမှာလှုပ်ရှားနေတဲ့ ကပ်ပါးကောင်တစ်ကောင်ကို ဗီဒီယိုရိုက်ထားပြီး ဗုဒ္ဓဆံတော်ရှင်မြတ်အဖြစ် ပြောဆိုထားတဲ့အကြောင်းအရာဟာ လွဲမှားနေပါတယ်။

By - Boom Live Myanmar | 13 March 2023 3:30 AM GMT

ဒီအကြောင်းအရာကို Aung Kyaw San ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်မှာ မတ်လ ၄ ရက်နေ့ ညနေပိုင်းမှာ စတင်ဖြန့်ဝေထားတာဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေမှုတွေလည်း ရှိနေပါတယ်။ဖြန့်ဝေရာမှာ ကြာချိန် တစ်မိနစ်ခွဲခန့်ရှိတဲ့ ဗွီဒီယိုဖိုင်တစ်ခုနဲ့အတူ 'ဗုဒ္ဓ ဆံတော်ရှင်မြတ် ဖူးမျှော်ကြည့်ညိုရန် ဖြစ်ပါသည်' ဆိုပြီး ရေးသားဖြန့်ဝေထားတာပါ။

ဗွီဒီယိုထဲမှတော့ ရေထည့်ထားတဲ့ ပန်းကန်တစ်ချပ်ထဲမှာ အပ်ချည်မျှင်တစ်ခုစာ အမည်းရောင် အကောင်တစ်ကောင်လွန့်လူးနေတဲ့မြင်ကွင်းပါဝင်ပြီ၊း လူနှစ်ဦးက လက်အုပ်ချီကာ ဆံတော်ရှင်မြတ်အဖြစ်ဖူးမျှော်နေကြောင်းနဲ့ ပဲခူးတိုင်း လက်ပတန်းမြို့နယ် ဆင်ဖြူတော်မုန့်တိုက်ပိုင်ရှင်တစ်ဦးအိမ်မှာ ဌာပနာရန် ဖူးမျှော်နေခြင်းဖြစ်ကြောင်းပြောဆိုထားတာတွေပါဝင်ပါတယ်။

သတင်းဆန်းစစ်ချက်

တကယ်တော့ ဗီဒီယိုထဲမှာ ဆံတော်ရှင်မြတ်အဖြစ်ရည်ညွှန်းပြောဆိုနေတဲ့အရာက ဆံတော်ရှင်မြတ်ဖြစ်တယ်ဆိုတဲ့ သက်ဆိုင်ရာသာသနာပိုင်ကျွမ်းကျင်သူတွေပြောဆိုထားတဲ့အထောက်အထားမဟုတ်သလို သာမန်အရပ်သားတွေကထင်ရာပြောဆိုထားတဲ့သဘောဖြစ်ပါတယ်။

ဒီဗွီဒီယိုဖိုင်ထဲမှာပါဝင်တဲ့ အကောင်မျိုးကို မြန်မာနိုင်ငံမျိုးရင်း တိရစ္ဆာန်များ ဗဟုသုတမျှဝေခြင်းနှင့် အမျိုးအစားခွဲခြားခြင်းတွေ လုပ်ဆောင်နေတဲ့ ဖေစ့်ဘွတ်ဂရုဖြစ်တဲ့ Wildlife of Myanmar မှာ ပိုစ့်တင်မေးမြန်းမှုအများအပြား ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီဂရုက ပညာရှင်တွေ ပြန်လည်ဖြေကြားထားတာက ဒီအကောင်တွေဟာ မြင်းမှီးပိုး (သို့မဟုတ်) မြင်းမှီးသံကောင် (Horsehair worm) ဖြစ်ပြီး ပုရစ်နဲ့ နှံကောင်တို့ရဲ့ ကိုယ်မှာ တွယ်ကပ်နေတတ်တဲ့ ကပ်ပါးတမျိုးဖြစ်ကြောင်း ရှင်းပြထားပါတယ်။


တခြား သားငှက် တိရစ္ဆာန်တွေနဲ့ ပတ်သတ်ပြီး သိရှိလိုပါက မြန်မာနိုင်ငံ မျိုးရင်း တိရစ္ဆာန်တွေအကြောင်း ဗဟုသုတမျှဝေခြင်းနဲ့ အမျိုးအစားခွဲခြားခြင်းတွေ လုပ်ပေးနေတဲ့ Wildlife of Myanmar (M.S.I) ဆိုတဲ့ ဖေစ့်ဘွတ်ဂရုမှာ အဖွဲ့ဝင်ပြီး ကိုသိချင်တာကို ပုံနဲ့တကွ မေးမြန်းနိုင်ပါတယ်။

ဒီဖေစ့်ဘွတ်ဂရုကို ဒီနေရာ မှာ ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

အခုဖြန့်ဝေနေတဲ့ Aung Kyaw San ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ကို ဝင်ရောက်ကြည့်ရှု့ရာ ဘာသာရေးကို အခြေခံပြီး လိမ်လည်တဲ့ ပိုစ့်အများအပြား ဖြန့်ဝေထားကြောင်းတွေ့ရပါတယ်။

ဘာသာရေးနဲ့ ပက်သက်ပြီး ဘုရားစေတီတွေ ရောင်ခြည်တော်ပွင့်တယ်ဆိုပြီး ရေးသားဖြန့်ဝေမှု အများအပြားလည်း တွေ့ရပါတယ်။


ဖြန့်ဝေထားမှုတွေကို ဒီနေရာ နဲ့ ဒီနေရာ တွေမှာလည်း ဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

Related Stories