HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
သတင်းအတု

လူမှူကွန်ရက်ပေါ်မှာ မှားယွင်းဝေမျှကြတဲ့ ကလေးအကြောင်း

လတ်တလော ဆိုရှယ်မီဒီယာတွေပေါ် ပျံ့နှံ့နေတဲ့ စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရတဲ့ (၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦးအတွက် တရားရုံးထဲရှိနေသူအားလုံး ၁၀ ဒေါ်လာပေး ပေးဆောင်ဘို့ တရားသူကြီး အမိန့်ချမှတ်တယ်လို့ ရေးသားဖြန့်ဝေနေမှုဟာ သတင်းမှားသာ ဖြစ်ပါတယ်။

By - Boom Live Myanmar | 29 July 2020 3:15 AM GMT

လက်ထိပ်ခတ်ခံထားရတဲ့ ကလေးငယ်တစ်ဦးနဲ့ ရဲတပ်ဖွဲ့များ ပါဝင်တဲ့ ပုံအသုံးပြုကာ (၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦး စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရ လို့အစချီကာ ရေးသားဖြန့်ဝေနေမှုတွေကို ဇူလိုင် ၁၆ ရက်ကစတင်ကာ လူမှုကွန်ရက်ပေါ်မှာ တွေ့လာရပြီး အချို့ပိုစ့်များမှာ ပြန်လည်ဖြန့်ဝေသူ လေးထောင်ကျော်အထိ ရှိနေပြီး ယခုအချိန်ထိ ဆက်လက်ဖြန့်ဝေနေတဲ့အတွက် BOOM Myanmar က သတင်းဆန်းစစ်ချက်ပြုလုပ်ထားပါတယ်။

Hla Moe ဆိုတဲ့ ဖေစ့်ဘွတ်အကောင့်ရဲ့ ဇူလိုင်လ ၁၆ ရက်နေ့မှာ ရေးသားဖြန့်ဝေခဲ့မှုကိုတော့ ထပ်ဆင့်ဖြန့်ဝေသူ ၄ ထောင်ကျော်ရှိခဲ့ပါတယ်။ ဒီပိုစ့်ကို ခုချိန်ထိ ထပ်မံဖြန့်ဝေနေဆဲဖြစ်ပြီး ထပ်ဆင့်ဖြန့်ဝေနေမှုထဲမှာ နာမည်ကြီး အနုပညာရှင်များလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ရေးသားဖြန့်ဝေရာမှာ "(၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦး စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့ကြောင်း၊ တရားရုံးအရောက်တွင် တရားသူကြီးက တရားခံကလေးကို မေးမြန်းရာမှာ ကလေးငယ်က လိုအပ်လို့ ခိုးယူရခြင်းဖြစ်ကြောင်း၊ အကူအညီ တောင်းခဲ့ပေမယ့် ကူညီသူ မရှိလို့ ခိုးရခြင်းသာဖြစ်ကြောင်း လျှောက်ထားရာ တရားသူကြီးက တာဝန်ရှိသူဟာ သူအပါဝင် တရားရုံးမှာ ရောက်နေသူ အားလုံးဖြစ်ကြောင်း၊ ထို့ကြောင့် တရားခံကလေးငယ်ကို တစ်ဦးလျှင် ဆယ်ဒေါ်လာ ပေးဆောင်ဖို့ အမိန့်ချမှတ်ကြောင်း" စသဖြင့် ရေးသားထားတာပါ။

ရေးသားဖြန့်ဝေရာမှုတွေကို ဒီနေရာ ဒီနေရာ နဲ့ ဒီနေရာ တွေမှာ ကြည့်ရှု့နိုင်ပါတယ်။ 

သတင်းဆန်းစစ်ချက်

BOOM အနေနဲ့ ရေးသားဖြန့်ဝေမှုမှာ အသုံးပြုထားတဲ့ ဓါတ်ပုံရဲ့ မူရင်းကိုရှာဖွေကြည့်ရာမှာ ဒီပုံကို လူမည်းတွေအတွက် စီးပွားရေးဖွံ့ဖြိုးဘို့ အကြံဉာဏ်ပေးတဲ့ Black Economic Development ဝက်ဘ်ဆိုက်မှာ ၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်က ဖော်ပြထားတဲ့သတင်းမှာ ပထမဆုံး တွေ့ရပါတယ်။


သတင်းပါအကြောင်းအရာက အမေရိကန် ဖေလာ်ဒီလာပြည်နယ်က ဂျက်ဆင်ဗီးလ်မြို့ ရဲ့ လူသတ်မှု တရားစွဲဆိုမှုတွေထဲမှာ အသက်အငယ်ဆုံးတရားခံဖြစ်လာတဲ့ အသက် ၁၂ နှစ်အရွယ် ခရစ်စတီယန်ဖာနန်ဒက် ရဲ့ အကြောင်း ရေးသားထားတာပါ။


အထက်ဖော်ပြပါပုံတွင် ဘယ်ဘက်က ကလေးငယ်ရဲ့ မျက်နှာကို ဝါးထားတဲ့ ပုံမှာ သတင်းမှားအဖြစ် ရေးသားဖြန့်ဝေမှုတွေထဲက ပုံဖြစ်ပြီး ညာဘက်မှာ ပြထားထားတဲ့ မျက်နှာမဖျက်ထားတဲ့ ပုံမှာ မူရင်းသတင်းထဲက ပုံပဲ ဖြစ်ပါတယ်။ မူရင်းသတင်းကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

တကယ့်မူရင်းသတင်းဟာ ပုံထဲမှာပါတဲ့ကလေးက ဒိန်ခဲခိုးတဲ့ဖြစ်စဉ်ကြောင့် မဟုတ်ပဲ ခရစ်စတီယန်ဖာနန်ဒက်ဆိုတဲ့ဒီကလေးဟာ သူ့ရဲ့ နှစ်နှစ်အရွယ် အမေတူဖအေကွဲ ညီကို ရိုက်သတ်ခဲ့တဲ့အတွက် တရားစွဲခံရတာဖြစ်ပြီး ၂၀၁၂ ခုနှစ် မှာ ပြစ်ဒဏ်ပေးခံခဲ့ရပြီး ၇ နှစ်အကြာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ အတွင်းမှာ ထောင်မှလွတ်ခဲတာဖြစ်ပါတယ်။ သူ့ရဲ့ တရားစွဲဆိုမှု ဖြစ်စဉ်တွေကို ဒီနေရာ မှာ ကြည့်ရှု့နိုင်ပါတယ်။

Related Stories