HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
HomeNo Image is Available
Contact UsNo Image is Available
Correction PolicyNo Image is Available

Languages & Countries :






More about them

သတင်းအတုNo Image is Available
ကျန်းမာရေးNo Image is Available
အချက်အလက် ရယူရန်No Image is Available
အချက်အလက် ရယူရန်

သတိ ! အလိမ်အညာပရဟိတ ကျားဖြန့်ဂိုဏ်းများရှိနေသည်

လူမှုကွန်ရက်ပေါ်မှာ အထင်ကရမိဘမဲ့ဂေဟာတွေနဲ့ ဘိုးဘွားရိပ်သာတွေကို ပုံစံတူ တုပပြုလုပ်ထားပြီး Kpay၊ Wave Pay တွေကလိမ်လည်အလှုခံနေတဲ့ ပေ့ချ်အတုတွေ ရက်ပိုင်းအတွင်း အမြောက်အများထွက်ပေါ်လာနေပြီး အလိမ်ခံရသူတွေလည်းအမျာအပြားရှိနေပါတယ်။

By - Boom Live Myanmar | 18 Sept 2025 2:49 PM IST

ဖေ့စ်ဘွတ် လူမှုကွန်ရက်ပေါ်မှာ Sponsor အဖြစ်နဲ့ နေ့စဉ် ကြော်ငြာသုံးပြီး လိမ်လည်အလှုခံနေတဲ့ Page တွေက တစ်ခုတည်းမကတော့ပါဘူး။ ပြည်တွင်းမှာ အမှန်တကယ် ပရဟိတလုပ်နေတဲ့ YGW လို ချမ်းမြေ့မေတ္တာလိုအဖွဲ့တွေကို ပုံစံတူ ပေ့ချ်တွေဆင့်ပွားပြီး အလှုခံနေတဲ့ပေ့ချ်တွေ အမြောက်အမျာပျံ့နှံ့နေပြီး အဲ့ဒီပေ့ချ်တွေကိ Kpay Wave Pay တွေကနေ လှုဒါန်းထားမိသူတွေလည်းရှိပါတယ်။

Boom Myanmar က ရက်သတ္တပတ်အကြာစောင့်ကြည့်ချက်တွေအရ အဲ့ဒီပေ့ချ်တွေဟာ မူလက အွန်လိုင်းရှော့ပင်ပေ့ချ်၊ ညစ်ညမ်းစာမျက်နှာတွေအဖြစ် စတင်ခဲ့ပေမ့ယ့် ခုနောက်ပိုင်းတော့ ပေ့ချ်တွေကို ပုံစံပြောင်းကာ၊ မိဘမဲ့ကလေးတွေ၊ ခိုကိုးရာမဲ့ ဘိုးဘွားတွေရဲ့ပုံတွေ ဗီဒီယိုတွေကို နေရာပေါင်းစုံက ကူးယူပြီးပြန်လည်ပြင်ဆင်တည်းဖြတ်ကာ လိမ်လည်အလှုခံနေကြတာရှိနေပါတယ်။




ဖော်လိုဝါ အများအပြားရှိနေတဲ့ အဲ့ဒီပေ့ချ်တွေဟာ ၎င်းတို့ လိမ်လည်မယ့် ပေ့ချ်တွေကို ပရဟိတအဖွဲ့တွေရဲ့ နာမည်နဲ့တစ်ပုံစံတည်းပြောင်းထားပါတယ်။ ပြီးတဲ့အခါ အဲ့ဒီပေ့ချ်တွေမှာ ကလေးငယ်တွေနဲ့ ဘိုးဘွားတွေရဲ့ ဗီဒီယိုတွေကို တခြားနေရာတွေကနေကူးယူပြီးတင်ပါတယ်။ ဒီလိုဗီဒီယိုတွေတင်တဲ့အခါမှာ သနားစဖွယ်ဖန်တီးရေးသားတဲ့စာတွေနဲ့တွဲတင်ပါတယ်။ တချို့စာသားခေါင်းစဉ်တွေမှာကလေးတွေ နို့မှုန့်ဖိုးကုန်နေလို့၊ အဘိုးအဘွားတွေ စားစရာမရှိတော့လို့၊ ထမင်းဖြူနဲ့စားရပါတယ် ကူညီကြပါဆိုတာမျိုးတွေကို ပုံစံပေါင်းစုံနဲ့ ရေးသားဖြန့်ဝေကြတာဖြစ်ပါတယ်။ လက်ရှိချမ်းမြေ့မေတ္တာ အမည်နဲ့ လိမ်ညာနေတဲ့ Page ကို ဒီလင့်မှာကြည့်နိုင်ပါတယ်။ Page အစစ်ကိုတော့ ဒီလင့်ကနေဝင်ရောက်နိုင်ပါတယ်။

ပြီးတဲ့ အခါမှာ ပေ့ချ်တွေနဲ့ ဗီဒီယိုတွေမှာ ကေပေး နဲ့ Wave Pay အကောင့်တွေကို ကြေငြာထားပြီးအဲ့ဒီကေပေးတွေကနေ တိုက်ရိုက်အလှုခံနေကြတာဖြစ်ပါတယ်။ ဒီပေ့ချ်တွေကို အမှန်တကယ် အဖြစ်ယုံကြည်ပြီး နေ့စဉ် သိန်းနဲ့ချီတဲ့ အလှုငွေတွေ ပေးပို့နေကြသူတွေလည်းရှိပါတယ်။



ဒီလိုလှုကြတဲ့အခါ အလှုလက်ခံဖြတ်ပိုင်း၊ အသိအမှတ်ပြုမှတ်တမ်းကို အဲ့ဒီပေ့ချ်အတုတွေက သူတို့ စာမျက်နှာတွေမှာကြေငြာပေးကြပါတယ်။ဒါပေမယ့် အဲ့ဒီ အလှုခံဖြတ်ပိုင်းတွေနဲ့၊ အသိအမှတ်ပြုမှတ်တမ်းတွေဟာလည်း စာသားနဲ့နာမည်တွေပြုပြင် ရေးသားထားတဲ့မှတ်တမ်းတွေဖြစ်ပါတယ်။

ဘာကြောင့် ပေ့ချ်အတုတွေလို့ယုံကြည်ရလဲ

ဒီပေ့ချ်တွေဟာ ပုံစံတူပြုလုပ်ကြတာဖြစ်လို့ ပေ့ချ်တိုင်းမှာ K Pay၊ Wave Pay နံပတ်တွေကိုပဲတင်ထားပြီး အဖွဲ့တွေရဲ့ အကျိုးတော်ဆောင်အဖွဲ့အမည်၊ ဖုန်းနံပတ်တွေကိုဖော်ပြထားတာမျိုးမရှိပါဘူး။ အဲ့ဒီအပြင် ပေ့ချ်တွေမှာတချို့ပေ့ချ်တွေမှာတော့ ဓါတ်ပုံတွေနဲ့ တခြားသာသားသတင်းအချ က်အလက်မျိုးတွေတင်တာမျိုးမရှိပဲ Click Baits လို့ခေါ်တဲ့ စိတ်ထိခိုက်ခံစားစေဖို့ရေးသားတဲ့ခေါင်းစဉ်တွေသပ်သပ်ဖြန့်ဝေတာမျိုးဖြစ်ပါတယ်။

အဲ့ဒီအပြင် ဖေ့စ်ဘွတ်ပေ့ချ့်တွေရဲ့အတုအစစ်ကိုခွဲခြားဖို့အတွက် ဝင်စစ်တဲ့အခါမှာလည်း တချို့ပေ့ချ်တွေက ဖွင့်လှစ်ထားချိန်လပိုင်းမျှသာရှိတာတွေ၊ ပေ့ချ့်အမည်ပြောင်းလဲပြီး ပရဟိတအမည်ခံအလှုခံနေတာမျိုးတွေလည်းတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒီပေ့ချ်တွေနဲ့ပတ်သက်လို့ Boom Myanmar က မန္တလေးက YGW ပရဟိတအဖွဲ့က တာဝန်ခံဆရာတော်နဲ့ ဆက်သွယ်မေးမြန်းတဲ့အခါ ဒီလို အလိမ်အညာပေ့ချ်တွေကို သတိထားမိကြောင်းနဲ့ အလှုရှင်တွေကိုလည်းအသိပေးထားကြောင်း၊ ထပ်မံထွက်ပေါ်လာတဲ့ ပေ့ချ်အတုတွေရှိနေသေးကြောင်းမိန့်ကြားပါတယ်။




 




Tags:

Related Stories